ဝင်ငွေနဲ့ အသုံးစရိတ်ကို စနစ်တကျ မှတ်ထားမယ်
ဘယ်ကနေ ငွေဝင်လာလဲ ဘာအတွက် သုံးလိုက်လဲဆိုတာ အမျိုးအစားအလိုက် မှတ်ထားနိုင်ပါတယ် ပြေစာနဲ့ အထောက်အထားတွေကိုလည်း တွဲသိမ်းထားနိုင်ပါတယ်
BILLIONS+ / Accounting Software
ဝင်ငွေ၊ အသုံးစရိတ်နဲ့ ငွေပေးချေမှုတွေကို မှတ်ထားပါ ဘယ်သူ့ဆီက ငွေရဖို့ကျန်လဲ ဘယ်သူ့ကို ပေးဖို့ကျန်လဲဆိုတာ ပြန်ကြည့်နိုင်လို့ လုပ်ငန်းရဲ့ ငွေအခြေအနေကို ပိုသိထားနိုင်ပါတယ်
ကိုယ့်လုပ်ငန်းအတွက် မေးမြန်းမယ်
ဘာအတွက် သုံးတာလဲ
Billions+ Accounting Software က လုပ်ငန်းရဲ့ ငွေဝင်ငွေထွက်နဲ့ ရရန်၊ ပေးရန်စာရင်းတွေကို မှတ်ထားဖို့ သုံးတဲ့ Software ပါ ရောင်းရငွေက စာအုပ်ထဲမှာ၊ အသုံးစရိတ်က စာရွက်လေးတွေမှာ၊ အကြွေးစာရင်းက ဖုန်းထဲမှာ ဖြစ်နေမယ့်အစား တစ်နေရာတည်းမှာ စုထားပြီး လိုအပ်တဲ့အချိန် ပြန်ကြည့်နိုင်ပါတယ်
ဘယ်လိုကူညီပေးနိုင်လဲ
ဘယ်ကနေ ငွေဝင်လာလဲ ဘာအတွက် သုံးလိုက်လဲဆိုတာ အမျိုးအစားအလိုက် မှတ်ထားနိုင်ပါတယ် ပြေစာနဲ့ အထောက်အထားတွေကိုလည်း တွဲသိမ်းထားနိုင်ပါတယ်
ဖောက်သည်ဆီက ရဖို့ကျန်တဲ့ငွေနဲ့ Supplier ကို ပေးဖို့ကျန်တဲ့ငွေကို ခွဲကြည့်နိုင်ပါတယ် တစ်စိတ်တစ်ပိုင်း ပေးချေထားတာနဲ့ နောက်မှ ထပ်ပေးတာတွေကိုလည်း မှတ်ထားနိုင်ပါတယ်
လုပ်ငန်းမှာ သုံးတဲ့ ငွေစာရင်းတွေကို သီးခြားမှတ်ထားပြီး တစ်ခုချင်းစီရဲ့ လက်ကျန်ကို ကြည့်နိုင်ပါတယ် စာရင်းတစ်ခုကနေ တစ်ခုကို ငွေလွှဲထားတာလည်း မှတ်တမ်းတင်နိုင်ပါတယ်
ရရှိပြီးတဲ့ငွေနဲ့ ပေးချေပြီးတဲ့ငွေကို ရက်အလိုက်၊ အမျိုးအစားအလိုက် Report တွေမှာ ပြန်ကြည့်နိုင်ပါတယ် Excel ဖိုင်အဖြစ် ထုတ်ယူပြီး စာရင်းပြန်စစ်တာ၊ မျှဝေတာတွေ လုပ်နိုင်ပါတယ်
ကိုယ့်လုပ်ငန်းနဲ့ သင့်တော်လား
စိတ်ချလက်ချ အသုံးပြုဖို့
ငွေစာရင်းတစ်ခုရဲ့ အချက်အလက်၊ ပေးချေထားတဲ့ငွေနဲ့ အထောက်အထားတွေကို ပြန်ကြည့်နိုင်ပါတယ် ပြင်ဆင်ထားတဲ့မှတ်တမ်းတွေလည်း ရှိလို့ ဘာတွေပြောင်းထားလဲဆိုတာ ပြန်စစ်နိုင်ပါတယ်
Inside Accounting Software
Feature တစ်ခုချင်း ဘယ်လို အလုပ်လုပ်လဲနဲ့ ကိုယ့်နေ့စဉ်အလုပ်မှာ ဘာကူညီပေးလဲဆိုတာ ကြည့်မယ်

Dashboard ကနေ Accounting ကို တစ်ချက်နှိပ်ပြီး Login ထပ်မလုပ်ဘဲ ဖွင့်နိုင်မယ်
အသေးစိတ် ကြည့်မယ်
Dashboard ကနေ Accounting ကို တစ်ချက်နှိပ်ပြီး Login ထပ်မလုပ်ဘဲ ဖွင့်နိုင်မယ်
အသေးစိတ် ကြည့်မယ်
လက်ရှိငွေ၊ ဝင်ငွေ၊ ထွက်ငွေနဲ့ ကျန်ငွေတွေကို ခြုံကြည့်နိုင်မယ်
အသေးစိတ် ကြည့်မယ်
လုပ်ငန်းဝင်ငွေနဲ့ အသုံးစရိတ်တွေကို အချက်အလက်ပြည့်ပြည့်စုံစုံ မှတ်နိုင်မယ်
အသေးစိတ် ကြည့်မယ်မပေးရသေး၊ တစ်စိတ်တစ်ပိုင်းပေးပြီးနဲ့ အပြည့်ပေးပြီးကို ခွဲကြည့်နိုင်မယ်
အသေးစိတ် ကြည့်မယ်
Cash၊ Bank နဲ့ Wallet အလိုက် လက်ကျန်နဲ့ ငွေလှုပ်ရှားမှုကို ကြည့်နိုင်မယ်
အသေးစိတ် ကြည့်မယ်
ကိုယ့် Account အချင်းချင်း ငွေရွှေ့တာကို ဝင်ငွေနဲ့ အသုံးစရိတ်မရောဘဲ မှတ်နိုင်မယ်
အသေးစိတ် ကြည့်မယ်
Customer ဆီက ရရန်နဲ့ Supplier ကို ပေးရန် ကျန်ငွေတွေကို ခွဲကြည့်နိုင်မယ်
အသေးစိတ် ကြည့်မယ်
Customer နဲ့ Supplier ရဲ့ ငွေကြေး Record တွေကို သက်ဆိုင်သူအလိုက် စုကြည့်နိုင်မယ်
အသေးစိတ် ကြည့်မယ်
ဝင်ငွေနဲ့ အသုံးစရိတ်ကို အမျိုးအစားအလိုက် ခွဲပြီး ဘယ်နေရာမှာ ငွေသုံးနေလဲ သိနိုင်မယ်
အသေးစိတ် ကြည့်မယ်
ထပ်တလဲလဲ ပေးရတဲ့ အသုံးစရိတ်တွေကို Schedule ထားပြီး ပေးဖို့လိုတဲ့ ရက်တွေ ကြည့်နိုင်မယ်
အသေးစိတ် ကြည့်မယ်
ကာလအလိုက် တကယ်ရထားတဲ့ ဝင်ငွေနဲ့ ပေးပြီးသား အသုံးစရိတ်ကို နှိုင်းကြည့်နိုင်မယ်
အသေးစိတ် ကြည့်မယ်
ငွေကြေး Record နဲ့ သက်ဆိုင်တဲ့ ပြေစာနဲ့ အထောက်အထားဖိုင်တွေကို တွဲထားနိုင်မယ်
အသေးစိတ် ကြည့်မယ်
မှားထည့်ထားတဲ့ စာရင်းကို အကြောင်းရင်းနဲ့ ပြင်ပြီး ပြောင်းလဲမှုကို ပြန်စစ်နိုင်မယ်
အသေးစိတ် ကြည့်မယ်
ရက်စွဲ၊ Contact၊ Category နဲ့ Payment Status အလိုက် လိုတဲ့ Record ကို ရှာနိုင်မယ်
အသေးစိတ် ကြည့်မယ်
Transaction နဲ့ Financial Report တွေကို Excel ဖိုင်အဖြစ် ထုတ်ယူနိုင်မယ်
အသေးစိတ် ကြည့်မယ်သိချင်တာလေးတွေ
ရပါတယ် ရထားတဲ့ငွေ၊ ပေးထားတဲ့ငွေနဲ့ ကျန်ငွေကို ခွဲမှတ်နိုင်ပါတယ် နောက်တစ်ကြိမ် ငွေပေးချေတဲ့အခါလည်း ထပ်မှတ်ထားနိုင်ပါတယ်
ဒီမှာ ဘဏ်စာရင်းဆိုတာ ကိုယ့်လုပ်ငန်းရဲ့ ဘဏ်ထဲက ငွေဝင်ငွေထွက်ကို Software ထဲမှာ မှတ်ထားတဲ့စာရင်းပါ ဘဏ်ကနေ အချက်အလက်တွေ အလိုအလျောက် ရယူတာမဟုတ်ပါဘူး
ရွေးထားတဲ့ကာလအတွင်း ရရှိပြီးတဲ့ငွေနဲ့ ပေးချေပြီးတဲ့ငွေကို ကြည့်နိုင်ပါတယ် မပေးချေရသေးတဲ့ငွေတွေကို ရရန်၊ ပေးရန်စာရင်းမှာ သီးခြားကြည့်နိုင်ပါတယ်
ရပါတယ် စာရင်းတွေကို Excel ဖိုင်အဖြစ် ထုတ်ယူပြီး ပြန်စစ်နိုင်သလို လိုအပ်တဲ့သူနဲ့ မျှဝေနိုင်ပါတယ်
ကိုယ့်လုပ်ငန်းမှာ ငွေစာရင်းတွေကို ဘယ်လိုစီမံလို့ရမလဲ သိချင်ရင် စကားပြောကြည့်ရအောင်
ကိုယ့်လုပ်ငန်းအတွက် မေးမြန်းမယ်